Skip to content

Motivation

Reflections on learning and persistence

Quiet notes, written mostly for myself, shared in case they help someone else.

18 Aug 2026Reflection

ငြင်းခုံခြင်းဖြင့် အနိုင်မရနိုင်ပါဘူး

ဘယ်လို ငြင်းခုံပွဲမှာမှ စကားနဲ့ အနိုင်ယူလို့ မရပါဘူး။ တစ်ဖက်သားက ရှုံးသွားရင်တောင် မာနထိခိုက်သွားလို့ ခင်ဗျားကို စိတ်ထဲက လက်ခံမှာ မဟုတ်ပါဘူး။ အငြင်းပွားမှုကို လိမ္မာပါးနပ်စွာ ရှောင်ရှားပါ။

Views0
Reactions: 1

18 Aug 2026Reflection

ချီးမွမ်းခြင်းရဲ့အစွမ်း

သံမဏိသူဌေးကြီး ချားရွှပ် တစ်နှစ်ကို ဒေါ်လာသန်းချီရှာနိုင်တာဟာ လုပ်သားတွေကို ရိုးသားစွာ ချီးမွမ်းတတ်လို့ပါ။ လူတစ်ယောက်ရဲ့ တက်လမ်းကို အညွန့်တုံးစေတာ အပြစ်တင်ခြင်းဖြစ်ပြီး တိုးတက်စေတာကတော့ ချီးမွမ်းခြင်းပါပဲ။

Views0
Reactions: 1

18 Aug 2026Reflection

အမှားကို ချက်ချင်းဝန်ခံပါ

ကိုယ်မှားမှန်းသိတာနဲ့ ငြင်းဆန်မနေဘဲ စိတ်ရင်းမှန်နဲ့ ဝန်ခံလိုက်ပါ။ အမှားကို ချက်ချင်းဝန်ခံလိုက်တဲ့အခါ တစ်ဖက်သားရဲ့ ဒေါသအရှိန် ချက်ချင်းကျသွားပြီး ခင်ဗျားအပေါ်ထားတဲ့ အမြင်တွေ ပြောင်းလဲသွားပါလိမ့်မယ်

Views0
Reactions: 1

18 Aug 2026Reflection

ဆိုကရေးတီးရဲ့ နည်းကောင်း

လူတစ်ယောက်နဲ့ ဆက်ဆံတဲ့အခါ "မင်းပြောတာ မှားတယ်" လို့ မစပါနဲ့။ နှစ်ဦးသား သဘောတူညီနိုင်တဲ့ တူညီချက်ငယ်လေးတွေ (Yes, Yes) ကို အစပျိုးပြီးမှ ဆွေးနွေးပါ

Views0
Reactions: 0

18 Aug 2026Reflection

အမုန်းအဖတ်မတင်စေမည့် ဝေဖန်နည်း

သူများအမှားကို တိုက်ရိုက်မဝေဖန်ပါနဲ့။ ကိုယ့်ရဲ့ အတိတ်က အမှားတွေကို အရင်ထုတ်ပြောပြပြီးမှ သိမ်မွေ့စွာ ထောက်ပြပါ။ ဒါမှ မာနမထိခိုက်ဘဲ အမှားပြင်ချင်စိတ် ဖြစ်လာပါမယ်

Views0
Reactions: 0

18 Aug 2026Reflection

ဂုဏ်သိက္ခာကို ထိန်းသိမ်းပါ

ဘယ်လောက်ပဲ မှားနေပါစေ လူတစ်ယောက်ကို လူအများရှေ့မှာ အရှက်မခွဲပါနဲ့။ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်းဟာ ပြင်းထန်တဲ့ မုန်းတီးမှုကိုသာ ဖြစ်ပေါ်စေပါတယ်

Views0
Reactions: 0

18 Aug 2026Reflection

ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်စေနည်း

လူတစ်ယောက်ကို ကိုယ်ခိုင်းချင်တာ လုပ်အောင် ခိုင်းနိုင်တဲ့ အကောင်းဆုံးနည်းက ဒီအလုပ်ကို လုပ်ခြင်းအားဖြင့် သူတို့အတွက် ဘာတွေ အကျိုးရှိမလဲ ဆိုတာကို ပြသပေးဖို့ပါပဲ

Views0
Reactions: 0

18 Aug 2026Reflection

လူဆိုးတွေတောင် ကိုယ့်ကိုကိုယ် အပြစ်မတင်ဘူး

လူဆိုးကြီးတွေတောင် သူတို့ကိုယ်သူတို့ အမြဲမှန်တယ်လို့ ထင်ကြပါတယ်။ ဒါကြောင့် လူတစ်ယောက်ကို အပြစ်တင် ဝေဖန်လိုက်တာဟာ မာနကို ထိခိုက်စေပြီး ရန်သူဖြစ်သွားစေတာပါပဲ။ သူများကို လက်ညှိုးမထိုးခင် နားလည်ပေးဖို့ အရင်ကြိုးစားပါ။

Views1
Reactions: 1